Print

မေးနှစ်ထပ် ပျောက်နည်း

  01-Mar-2017
Preview Image

 

မေးနှစ်ထပ်ဆိုတာ လည်ပင်းမှာ ရှိတဲ့ အဆီလွှာက အိကျပြီး လျှော့တွဲနေ တာကြောင့် ဖြစ်တယ်။ မေးနှစ်ထပ်ဖြစ်သူတွေဟာ ကြည့်ရဆိုးတယ်။ အဆီအဆိမ့်စားသူ၊ အဝလွန်သူတွေမှာ အဖြစ်များတယ်။ မေးနှစ်ထပ်အတွက် အလွယ်ဆုံးနည်းက ပီကေဝါးတာနဲ့ နှုတ်ခမ်းစူတာဖြစ်တယ်။ နောက်တစ်နည်းက လိမ်းဆေးတွေ လိမ်းတာ။ လွယ်တယ်။ သိပ်မခက်ဘူး။ ပထမနည်းက ကြက်ဥ နှစ်လုံးယူပြီး အကာ(အဖြူ)ကို ယူပါ။ ပျားရည်တစ်ဇွန်း ၊ နွားနို့ တစ်ဇွန်း၊ ရှောက်သီးအရည် တစ်ဇွန်းကို ပက်ပါမင့်(ပူဆီနံ)ဆီ တစ်ဇွန်းနဲ့ ရောပါ။ ပြီးရင်ရောပြီး မေးနှစ်ထပ်ဖြစ်တဲ့နေရာကို လိမ်းပြီး နှိပ်ပေးပါ။ 

 

နာရီဝက်ထားပြီးရင် ရေခပ်နွေးနွေးနဲ့ ပြန်ဆေးပါ။ နေ့စဉ် လုပ်လို့ရတယ်။ နောက်တစ်နည်းက အလှဆီသုံးတဲ့နည်း ဖြစ်တယ်။ အလှဆီတဇွန်း၊ Epsom salt ဇွန်းတစ်ဝက်ကို ပက်ပါမင့်ဆီ အနည်းငယ်ရောပြီး လိမ်းပေးရတာဖြစ်တယ်။ တစ်ပတ်ကို ၃-၅ ကြိမ်ထိ လုပ်ပေးနိုင်တယ်။ လေ့ကျင့်ခန်းတွေလည်း ရှိဦးမယ်။ တကယ်လည်း ထူးခြားပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး နှိပ်ပေးတာလည်း တော်တော် ထိရောက်တယ်။ သဘာဝဆီ တစ်မျိုးမျိုးသုံးရ တယ်။ နှိပ်တဲ့အခါ cocoa butter (သို့) သံလွင်ဆီ သုံးရင် ပိုကောင်းတယ်။လက်မကို မေးစေ့အောက်ထားပြီး နှိပ်ပေးရမယ်။ မေးရိုးကနေ နားရွက်ထိ ဖိပြီး နှိပ်ပေး သင့်တယ်။ ညအိပိရာ ဝင်ခါနီးတိုင်း လုပ်ပေးရင် ပိုထိရောက်တယ်။ တရက်ကို နေ့စဉ် လက်ဖက်စိမ်းရည် တစ်ခွက် သောက်ပေးခြင်းက အဆီချရာမှာသာမက မေးနှစ်ထပ် မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုတယ်။ 

 

လေ့ကျင့်ခန်းများ


(၁) jaw extension

ပါးစပ်ကို တတ်နိုင်သလောက် ဟပါ။ ပြီးရင် အောက်မေးရိုးကို အထက်၊အောက် အဖွင့် အပိတ် ခပ်မြန်မြန်လုပ်ပေးပါ။ တစ်ခါလုပ် ၁၅ ခါ တစ်နေ့ သုံးကြိမ် လုပ်ပါ။ 

 

(၂) fake gem chewing 

ပါးစပ်ကို ပီကေဝါးသလို ဖွင့်ချီ၊ ပိတ်ချီ လုပ်ပါ။ မေးရိုးကြွက်သားတွေ ညောင်းလာ သည်ထိ လုပ်ရမယ်။ တချို့ကလည်း ပီကေဝါးပြီး လေ့ကျင့်ကြတယ်။

 

(၃) lower lip stretch

ပါးစပ်ကို ပိတ်ပြီး အောက်နှုတ်ခမ်းကို တတ်နိုင်သမျှ အပေါ်တင်ပါ။ စက္ကန့်(၂၀)ကြာ လုပ်ပါ။ တခါလုပ် ဆယ်ကြိမ် တရက်ကို ငါးကြိမ်ခန့် လုပ်ပါ။ 

(၄) kiss the ceiling 

ပြင်ညီထိုင်ခုံ တစ်လုံးပေါ် ထိုင်ပါ။ မျက်နှာကြက်ကို ခေါင်းမော့ကြည့်ပါ။ ပါးစပ်ကို တတ်နိုင်သလောက် ဟပါ။ ပြီးရင် နှုတ်ခမ်းကို တတ်နိုင်သလောက် စူထားပါ။ စိတ်ထဲက ဆယ်ကြိမ်ရေတွက်ပါ။ တစ်ရက်ကို အနည်းဆုံး အကြိမ်သုံးဆယ် လုပ်ပါ။ 

 

(၅) side neck stretch

ခါးကို ခပ်မတ်မတ်ထားပြီး ရှေ့ကို တူရှုကြည့်ပါ။ အံကို တင်းတင်းကြိတ်ပြီး ခေါင်းကို ဘယ်ဖက်စောင်းပါ။ (၁၅) စက္ကန့်ထားပါ။ ပြီးရင် ညာဖက်စောင်းပြီး (၁၅) စက္ကန့် ထားပါ ။ ခေါင်းချိုးနေစဉ် လက်ကို သုံးပြီး ဆွဲပါ။ လုပ်နည်းမှန်ရင် မေးကြောတွေ တင်းလာတာတွေ့ရမယ်။ ပြီးရင် ခေါင်းကို ရှေ့နောက် တစ်လှည့်စီ ချိုးပါ။ အားတဲ့အချိနိတိုင်း လုပ်ပေးနိုင်တယ်။ 

 

(၆) slap your chin 

လက်ဖမိုးနဲ့ မေးရိုးကို ဖြည်းဖြည်းနဲ့ မှန်မှန်ရိုက်ပုတ်ပေးပါ။ တစ်ရက်ကိုအချိန် ရသလောက် လုပ်ပေးရင် အကျိုးရှိတယ်။ 

 

(၇) rotate your head

ခေါင်းကို ပခုံးနဲ့ကပ်ပြီး နာရီလက်တံအတိုင်း အရင်လှည့်ပါ။ တစ်ပတ်ပြည့်ရင် နာရီလက်တံနဲ့ ပြောင်းပြန် ထပ်လှည့်ပါ။ အထက်ပါအတိုင်း တစ်ခါလုပ် ဆယ်ကြိမ်၊ တစ်နေ့ကို သုံးခါလုပ်ပါ။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
ဒေါက်တာ အေးမင်းထူး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18